တစ်ဘ၀စာ အလွဲများ

မော်လမြိုင်ကမ်းနားမှာ ကဗျာတွေစိတ်ကူးရင်း

ဆံပင်တွေဖွာလံကြဲအောင် လေညင်းခံပြီး

ဘုရင့်ရုံမှာ

တိုက်တန်းနစ်ဝင်ကြည့်လိုက်တယ်။

ဒီလိုနဲ့ တစ်ညလုံးမအိပ်ပဲ

တဝေါဝေါရေတံခွန်လို တ၀ုန်းဝုန်းစီးဆင်းနေတဲ့ အင်တာနက်မှာ

စီးမြော။

ကော်ဖီသောက်လိုက် ၀ီစကီသောက်လိုက် ရေသန့်ဘူးဖောက်လိုက် …

တည်ငြိမ်ချင်ယောင်ဆောင်နေတတ်တဲ့ စိတ်အတုနဲ့ အလုပ်များသား။

မနက်ဖြန် ဂေါ့ဖ်ရိုက်ရဦးမယ်။

ရွာကအဖွဲ့တွေ အကုန်လာဖို့ လှည်းဆင့်ထားတယ်။

ထမင်းကြမ်းတော့ ဆီပူနဲ့လှော်ထားလို့

ဘယ်ဟာမှ သယ်မလာဖို့ အီးမေးလ် ၁၀ စောင် ပို့မိရဲ့။

ကိုယ့်ဆရာတို့ မောနင်း …. ပြန်အိပ်လိုက်ဦးမယ်။

မင်းဂွတ်သီးတွေပေါတဲ့မြို့မှာ စီးကရက်တွေပဲ သောက်နေမိတယ်။

Venus 2

 

ကောင်းဖြိုး

၂၂ အောက်တိုဘာ ၂၀၁၄

၀၄ ၅၁ AM

မော်လမြိုင်

~ by kaungphyo on October 24, 2014.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: