မူးတယ်

မူးတယ် …

ဘယ်လောက် အထီးကျန်လဲ
ချဉ်ချဉ်တူးတူး အရက်ဆိုင်မှာတောင်
ဖန်ခွက်လွတ်တစ်လုံး။

မနားတမ်း ….
သောက်ချပစ်လိုက်ရတာက
မီးလောင်နေတဲ့ အိမ်အိုကြီးပေါ်
ရေကန်ကြီးကြီး မှောက်ချပစ်လိုက်နိုင်ဖို့။

ပုလင်းလွတ်တစ်ယောက်
လူလွတ်တစ်လုံး
တစ်ခါမှ အနိုင်မရဖူးသေးတဲ့
ပေါပေါလောလောနေ့တွေကို ဆဲရေးကြုံးဝါးတယ်။

သောက်လိုက်ကြဦးဟေ့
ဆိုဂျုကောင်းကောင်းသောက်တတ်တဲ့
ကောင်မလေးတွေနဲ့။

သောက်လိုက်ကြဦးဟေ့
ဘုံဆိုင်တွေ လျောက်လည်ရင်း
မီးလောင်နေတဲ့ရင်ဘတ်ကြီး
ဆူဆူညံညံ မီးသတ်ကား ဖြတ်မောင်းသွားလို့ရအောင် …

ချဉ်ချဉ်တူးတူး အိပ်မက်ကြီး
အိပ်ရေး၀၀ ဆက်အိပ်လို့ရအောင် …

ပြန့်ကျဲနေတဲ့ ပုလင်းအလွတ်တွေ
ပေါပေါလောလော ဆဲရေးလို့ရအောင် ….

အန်ဖတ်တွေနဲ့ ပေပွနံစော်နေတဲ့ ကမ္ဘာကြီး
ကောင်းကောင်းစီးနင်းလို့ရအောင် ….

သမုဒ္ဒရာကြမ်းခင်းမှာ
တိုက်တန်းနစ်သင်္ဘော
စူးစူးနစ်နစ်
မူးယစ်နေသလိုမျိုး
မူးတယ် …မူးတယ် .. မူးတယ်။

ကောင်းဖြိုး

~ by kaungphyo on April 10, 2009.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: